Posts

Showing posts from January 11, 2024

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၄ )

Image
 ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၄ )  ဇာတ်သိမ်းပိုင်း  ရေးသားသူ - ချမ်းကို (Chan Ko) အဲ့ဒီလို လူသိရှင်ကြား ဖြစ်ပြီးတဲ့ နောက်မှာတော့ ကျနော်နဲ့ ကျနော့်ရူပဗေဒဆရာမလေးဟာ ခင်ဗျားတို့ အသေအချာ မသိလောက်တဲ့ တောင်တန်းတွေဝန်းရံထားတဲ့ မထင်မရှားမြို့ကလေးမှာ လူတကာ ငေးမောအားကျရတဲ့ စုံတွဲလေး ဖြစ်လာတယ်ပေါ့ဗျာ။ ငချိုကန်းရယ် ကြွားပြန်ပြီလို့ ဆိုချင်လည်း ဆိုကြပါတော့။ ကြွားလက်စနဲ့ ဆက်ကြွားပါရစေတော့။  ပေတိပေစုတ် ဖြစ်ကတတ်ဆန်းနေတတ်တဲ့ ကျနော့်ပုံစံတွေ ပြောင်းလာတာကိုးဗျ။ ရှည်လျားလွန်းတဲ့ ဆံပင်ကို မဖီးမသင်၊ အဝတ်အစား ဖြစ်သလိုဝတ်တတ်တဲ့ ကျနော့်ပုံစံက အမြဲတမ်း လမ်းသရဲရုပ်ပေါက်နေတတ်တာကနေ ဆရာမလေးလက်ချက်နဲ့ ဆံပင်ဂုတ်ထောက်၊ ဘေးခွဲ သပ်သပ်ရပ်ရပ်ညှပ်( ကိုဖိုးသက်လေးက အခုမှ ရေလည်သန့်သွားတယ်၊ ကျမကောင်ချောလေးဆိုပြီး ချော့မော့တော့ ပျော်တာပေါ့ဗျာ ။( သည်းခံပြီး ဖတ်ပါ)  ကျနော့်ကိုယ်ပေါ်က အဝတ်တွေကအစ မာတင်ရှပ်အဖြူ မီးအိုးထိုးပြီးသား၊ လက်အဖျားကို သပ်သပ်ရပ်ရပ်ခေါက်၊ အောက်က သော့တံဆိပ်ကုလားပုဆိုး အပြာနုနုလေးနဲ့၊ တခါတလေ အဲရိုးစပို့ရှပ်နဲ့ ဂျင်းပင်န်..၊ ပွဲရုံမှာ အလုပ်လုပ်တဲ့အခါ ခေါင်းလောင်းဘောင်းဘီနဲ့ ဂျင်းရှပ်က...

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၃ )

Image
 ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၃ ) ရေးသားသူ - ချမ်းကို (Chan Ko) တကယ်တမ်း ပြောရရင် အဲ့ဒီတုန်းက ကျနော့် အသက်ကလေးမှ ၂၀ မပြည့်တပြည့်ရယ်ဗျ။ ဆရာမ လေးက ၂၆-၂၇ ထင်တာပဲ။ ဒါပေမယ့် တခြားသူတွေလို သမီးရည်းစားဖြစ်ကြ ချစ်ကြပြုကြလောက်တင်မကဘူးရယ်။ ကျနော်ပြောခဲ့သလိုပဲ သူက ခပ်ထက်ထက် ခပ်စွာစွာ ရှုတင်းတင်း အရှက်အကြောက်ကြီးတဲ့ ဆရာမလေး။ ကျနော်က ခပ်ဆိုးတေတေနဲ့ လူရမ်းကားလေး..။ အဲ့လို အခြေအနေတွေကနေ ချစ်မိခဲ့ကြလေတော့ အရူးအမူးဆိုကြပါတော့ဗျာ။ ငယ်ရွယ်မိုက်မဲတဲ့ အရွယ်မို့လားမသိဘူး ဆရာမလေးကို ချစ်မိပြီဆိုတာနဲ့ ရချင်နေတာဗျ။ ရချင်တယ်ဆိုတာ တစ်ခါထဲ အိမ်ထောင်ကျပစ်ချင်တာ ပြောတာ။ သူနဲ့ကျနော် ချစ်သူစဖြစ်ပြီဆိုကတည်းက အဘွားတို့၊ ဒေါ်ကြီး၊ ဒေါ်လေးတို့ကို ပေါ်တင်သွားပြောထားတာမျိုး။ ဆရာမလေး ဒေါ်ခင်ချိုမေနဲ့ သားသားနဲ့ ချစ်နေကြပြီလို့ ဟီဟိ။ ဘယ်သူက ယုံမှာတုန်း။ ဟဲ့ အရူး နင်ဖြစ်ချင်တာတွေ လျှောက်ပြောမနေနဲ့ သူများ သိက္ခာကျနေမယ်တဲ့ ဟီး။ ဟိုကဖြင့် ရုပ်ချော ပညာတတ် ဆရာမလေး၊ လာကြောင်းလှန်းတဲ့ ဂုဏ်သရေရှိတွေကို ပုံလို့၊ နင့်လို အော့ကြောလန် ကလေးပေါက်နစကိုများ စဉ်းစားနေပါဦးမယ် ဆိုလား။ မယုံရင်လည်းပြီးကော ကြည့်ထားလိုက်ပါ တစ်နေ့နေ့တော့ မိ...

ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၂ )

Image
 ကျွန်တော့် ရူပဗေဒဆရာမလေး အပိုင်း ( ၂ ) ရေးသားသူ - ချမ်းကို (Chan Ko) တဖက်သတ်ချစ်နေရတဲ့ ဆရာမလေးရဲ့ ကိုယ်လုံးအိထွေးထွေးလေးကို ပွေ့ဖက်ထားရတာဗျာ.. ညီအစ်ကိုတို့ စဉ်းစားကြည့်ပါလေ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းမလဲလို့။ စိတ်ခံစားမှုက အထွဋ်အထိပ်ရောက်သွားတော့ ကျနော့်မှာ ကတုန်ကယင်ကြီးရယ်။ ချစ်စိတ်တက်တာက တစ်မျိုး အထိအတွေ့ကလည်း (နောက်နောင် ဘယ်မိန်းမနဲ့မှ အဲ့လိုခံစားချက်မျိုး ပြန်မရတော့ဘူးဗျ) ပြန်ပြောမပြတတ်တဲ့ အရသာမျိုးဗျ။ ကိုယ်နံ့သင်းသင်းလေးရယ် သနပ်ခါးနံ့လေးရယ် ပေါင်းထားတဲ့ရနံ့၊ ဆံနွယ်တွေဆီကနေရနေတဲ့ တရော်ကင်မွှန်းနံ့ မျှင်းမျှင်းလေး၊ လက်မောင်းသားချောအိအိရဲ့ အထိအတွေ့ (ကျနော်က လက်တစ်ဖက်နဲ့ ခါးကျင်ကျင်လေးကို သိုင်းဖက်ထားသလို ကျန်တဲ့လက်တစ်ဖက်က လက်မောင်းလေးကို ပွတ်ပေးနေမိတာ) နဖူးပြေပြေကလေးကို ကျနော့်ပါးနဲ့ ဖိကပ်ပြီး အတင်းပွတ် (လူနားကပ်ချွဲနေတဲ့ ကြောင်ပေါက်စလေးလိုပေါ့ဗျာ အဟိ) အဲ့ဒီလိုတွေ အချစ်ကြမ်းနေမိတာပေါ့လေ။ “ကိုဖိုးသက်လေး လွှတ်ပါကွာ။ အဲ့လိုကြီး မဆိုးရဘူး လိမ္မာပါတယ်” ကျနော့်ရင်ခွင်ထဲကနေ မောနေတဲ့ အသံလေးနဲ့ ပြောနေရှာတာ။ “ဟင့်အင်း! မလွှတ်ပါရစေနဲ့ဗျာ။ ချမ်းတယ် ချမ်းတယ် မလွှတ်ဘူး။ ဆရာမလေးကို ကျ.. ကျ...