Posts

Showing posts from January 4, 2024

တနေဝင်သော်(ဇာတ်သိမ်း)

Image
 တနေဝင်သော် ရေးသားသူ – အညတြ 🏵️ အပိုင်း (၂) [ဇာတ်သိမ်း] 🏵️ နှစ်နိုင်ငံ နယ်စပ်က မဲပုံရွာကြီး ။ ဒီနယ်စပ်ဒေသက ရှေးခေတ်ကတည်းက မင်းမဲ့ဆန်ခဲ့သည် ။ ဝရမ်းပြေးတွေ လူဆိုးလူမိုက်တွေ ခိုအောင်း ကျက်စားကြတဲ့ ဒေသ ။ ရှေးခေတ်ကတည်းက ဟိုဖက်တိုင်းပြည် နယ်ခြားစောင့်ရဲလို အဖွဲ့တွေကလည်း ငွေပေးရင် မသိချင်ယောင်ဆောင်နေတတ်တဲ့ အမျိုး ။ ရွာကြီး ဆိုပေမယ့် မသေးလှ ။ ဟိုးရှေးရှေးက ဒီရွာကြီးမှာ ရဲစခန်း ရှိသည် ။ ရုပ်ရှင်ရုံအကြီးစား ရှိသည် ။ ဟိုတယ်တွေ ကေတီဗီဆိုင်တွေ အရက်ဆိုင်တွေ နိုက်ကလပ်တွေ အစုံ ရှိသည် ။ လောင်းကစားဝိုင်းတွေက နေ့ရောညပါ ၂၄ နာရီ ဖွင့်ထားသည် ။ အခုတော့ စစ်ကြီးကြောင့် လျှပ်စစ်မီး မရတော့ ။ ဓါတ်ဆီလောင်စာဆီတွေလည်း ပြတ်နေလို့ မဲမှောင်တိတ်ဆိတ်နေသည် ။ တချက်တချက် လောခေါင်မောင်ပွေးရဲ့ တပ်ဖွဲ့တွေ စီးတဲ့ မော်တော်ဆိုင်ကယ်သံတွေ တဗီးဗီးဘဲ ကြားနေရသည် ။ တခါတခါတော့ အရက်မူးလို့ မိုးပေါ်ထောင်ဖောက်တတ်တဲ့ မောင်ပွေးစခန်းက သေနတ်သံတွေ ကြားရတတ်သည် ။ အင်အားကြီးနိုင်ငံက လာဖွင့်ထားတဲ့ စစ်စခန်းကို အားပြိုင် အင်အားကြီး တစ်နိုင်ငံက ချေမှုန်းတဲ့ နျူကလီးယား ဗုံးကျလို့ ဒီဗုံးက မဲပုံရွာကြီးဆီကို ထိရောက်မှု ရှိခဲ့သည် ။ ပျက်စီးယိုယွင်းနေတဲ...

တနေဝင်သော် အပိုင်း(၁)

Image
  တနေဝင်သော် ရေးသားသူ – အညတြ 🏵️ အပိုင်း (၁) 🏵️ အချိန်က တတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးတဲ့နောက် တစ်နှစ်တိတိ ကာလ ။ ကမ္ဘာစစ်ကြီးမို့ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းလိုလို ပါဝင်ပတ်သက်ခဲ့သည် ။ လုံးဝ မြေပုံပေါ်က ပျောက်သွားတဲ့ နိုင်ငံတွေ ရှိကြသလို သန်းပေါင်းများစွာသော လူတွေ သေကြေပြီး လုံးဝ နလံမထူနိုင်တဲ့ တိုင်းပြည်တွေလည်း အများကြီး ။ နျူကလီးယား ဗုံးတွေ တဖက်နဲ့တဖက် ပစ်ခတ်ကြသလို ဓာတုဗေဒ အဆိပ်ဗုံးတွေကိုလည်း ကြဲချကြသည် ။ ဖောက်ခွဲကြသည် ။ ပစ်ခတ်ကြသည် ။ လည်ပတ်နေတဲ့ဟာတွေ အကုန် ရပ်ဆိုင်းသွားသည် ။ အစိုးရ မရှိတော့ ။ စစ်တပ် မရှိတော့ ။ ဆေးရုံ မရှိတော့ ။ ရဲတွေ ထောင်တွေ ဘာမှမရှိတော့ ။ အုပ်ချုပ်ရေးမဲ့သွားတဲ့ အခြေအနေကို ပြန်ရောက်သွားသည် ။ သတ်ချင်ရင် သတ်နိုင်သည် ။ တိုက်ခိုက်လုယူချင်ရင် တိုက်ခိုက်လုယူနိုင်သည် ။ မင်းမဲ့စရိုက်နဲ့ထင်တိုင်းကြဲကုန်ကြတဲ့ လူဆိုးသူခိုး လူရမ်းကားတွေ မင်းမူနေတဲ့ အခြေအနေဆိုးမှာ ကိုယ့်ဖာသာ ကိုယ့်အတွက် ကာကွယ် ခုခံကြရသည် ။ အားနည်းသူ အသက်ကြီးသူနဲ့ မိန်းမသား အများစုသည် အနိုင်ကျင့် ဗိုလ်ကျမှုတွေကို ခံကြရသည် ။ ဒီဇင်ဘာလရဲ့ အစောပိုင်း ။ တောင်ကြားလမ်းလေးအတိုင်း မြင်းစီးလာတဲ့ လူတစ်ယောက်သည် ချ...